Road to Linux Server Administrator
Linux Server Administrator တစ်ဦးဖြစ်လာစေရန်အတွက် အောက်ပါသင်တန်းများကို ပို့ချပေးလျက်ရှိပါတယ်။
Linux Server Administration Basic Course
Professional Linux Server Administration Course

Syllabus
- CWSA-01-001 – 4 hrs – Hardware & Network Knowledge Base
- CWSA-01-002 – 6 hrs – Linux Basic
- CWSA-01-003 – 6 hrs – Permissions (DAC & SELinux Deep Dive)
- CWSA-01-004 – 2 hrs – Encryption
- CWSA-02-001 – 6 hrs – Secure Web Server
- CWSA-02-002 – 10hrs – Bash Scripting (Basic to Intermediate)

Syllabus
(To be Updated)
Linux Server Administration Online Courses
အကြောင်းအမျိုးမျိုးကြောင့် သွားရလာရ ခက်ခဲခြင်း၊ တစ်နေရာနဲ့တစ်နေရာ သွားလာတဲ့အခါ အချိန်ကုန်မခံလိုခြင်း၊ ကျွန်တော်တို့ ဖွင့်လှစ်သော သင်တန်းများရဲ့ အချိန်ဟာ သင့် အားလပ်ချိန်နဲ့ မကိုက်ညီခြင်း၊ လာရတာ ဝေးခြင်း၊ နယ် မှဖြစ်သောကြောင့် သင်တန်း မတက်ရောက်နိုင်ခြင်း၊ နိုင်ငံရပ်ခြား ရောက်နေတဲ့အတွက် သင်တန်းမတက်ရောက်နိုင်ခြင်း စတဲ့ အခက်အခဲများမှ ကင်းဝေးစေရန်အတွက် အောက်ပါအတိုင်း Online Course များကို တက်ရောက်နိုင်ပါတယ်။
Linux ကို စတင်လေ့လာသူတိုင်းဟာ System Permission များကို မဖြစ်မနေ လေ့လာရမှာပဲဖြစ်ပါတယ်။ Permission များကို ကိုယ်တိုင်လေ့လာတဲ့အခါ Concept များ ထိထိမိမိ မသိရှိတဲ့အခါမှာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ရပြီး Permission ကို ခက်ခဲတယ်လို့ ယူဆသွားတတ်ကြပါတယ်။ ဒီ အခမဲ့သင်ယူနိုင်တဲ့ “Permissions In Linux” ဆိုတဲ့ Online Course ထဲမှာတော့ အခြေခံ DAC Permission များမှ အဆင့်မြင့် MAC Permissions (SELinux) များအထိ အဆင့်ဆင့် လေ့လာနိုင်ပါတယ်။
သင်တန်းကြေး အခမဲ့ဖြစ်ပါတယ်။
Linux System Administrator တစ်ဦးဖြစ်ဖို့အတွက် မသိမဖြစ် သိထားသင့်တဲ့ Bash/Shell Scripting ကို အခြေခံမှ Professional ဖြစ်သည်အထိ သင်ကြားပေးတဲ့ “Bash Scripting/Shell Scripting” Course ဖြစ်ပါတယ်။ Variable, Control Structure, Conditions, Loops, Functions အစရှိတဲ့ သင်ခန်းစာများအပြင် Online Test စာမေးပွဲပါ ပါဝင်တဲ့အတွက် မိမိတတ်ကျွမ်းမှုကို ပြန်လည် စစ်ဆေးနိုင်ပါသေးတယ်။ အဲဒီအပြင် မေးခွန်းများကို ၇၀% မှန်ကန်အောင်ဖြေဆိုနိုင်ပါက Online Certificate ကို ချက်ချင်းထုတ်ယူနိုင်ဦးမှာဖြစ်ပါတယ်။
သင်တန်းကြေးကတော့ ၅ သောင်း ကျပ် ဖြစ်ပါတယ်။
SysAdmin Foundation Course
Linux System Administration ကို စတင်လေ့လာဖို့အတွက်ကတော့ ဒီ Course ဟာ အကောင်းဆုံးရွေးချယ်မှုဖြစ်ပါတယ်။ System Administration နဲ့ပတ်သက်တဲ့ အခြေခံ သိရှိထားသင့်သည်များ အပါအဝင် အတွေ့အကြုံများကိုပါ ပေါင်းစပ်ပြီး သင်ရိုးပြင်ဆင်ထားပေးတဲ့အတွက် စတင်လေ့လာသူတွေအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ သင်ရိုးကို ကြည့်ရှုပြီး ဆက်လက်တက်ရောက်နိုင်ရန်အတွက် အောက်က ခလုတ်ကလေးကို နှိပ်ပြီး ဆက်လက်ကြည့်ရှုနိုင်ပါတယ်။
သင်တန်းကြေးကတော့ ၁ သိန်းကျပ် ဖြစ်ပါတယ်။