Our Professional Advanced Services

Technical Consulting

We provide professional consulting service on business development and planning with technical improvements especially on technical requirements, cost saving and timelines.

Some details of our services

Installation of Linux Servers

သင့် လုပ်ငန်းတွင် အသုံးပြုလျက်ရှိသော Server များဟာ နိုင်ငံတွင်းရှိ Datacenter များတွင်ထားရှိသည်သော်လည်းကောင်း၊ ပြည်ပမှ Virtual Private Server(VPS) များ သို့မဟုတ် Dedicated Server များဖြစ်လျှင်သော်လည်းကောင်း၊ Cloud Server များဖြစ်လျှင်သော်လည်းကောင်း မည်သည့် Server ကိုမဆို ကျွန်တော်တို့မှ ၎င်းတို့အား Installation ပြုလုပ်ပေးခြင်း၊ Configuration Deployment ပြုလုပ်ပေးခြင်း စသော Professional ဝန်ဆောင်မှုများကို ရယူနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေမှာတော့ အောက်ပါအချက်အလက်များ ပါဝင်ပါတယ်။

  • Enterprise LinuxOS များ ထည့်သွင်းခြင်း
  • ထည့်သွင်းထားသော Linux OS များကို လိုအပ်ချက်တွေနဲ့ ကိုက်ညီစေရန် Configuration ပြုလုပ်ပေးခြင်း
  • ၎င်း Linux Server များပေါ်တွင် Service အမျိုးမျိုးကို လိုအပ်ချက်များနှင့်အညီ ထည့်သွင်းပေးခြင်းနှင့် Configuration များ ပြုလုပ်ပေးခြင်း
  • ၎င်း Linux Server များအား အကောင်းဆုံး စွမ်းဆောင်မှုရရှိစေနိုင်ရန် Performance Tuning ပြုလုပ်ပေးခြင်း
  • ၎င်း Linux Server များ၏ Server ပိုင်းဆိုင်ရာ ဆိုက်ဘာလုံခြုံရေးပိုင်များ ထည့်သွင်းခြင်း၊ လိုအပ်သလို Configuration ပြုလုပ်ပေးခြင်းနှင့် အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ခြင်း
  • ရေရှည်အတွက် အဆင်သင့်ဖြစ်စေရန် Future-Ready Configuration များ စီမံခြင်း
  • အခြား လိုအပ်ချက်အရ ဝန်ဆောင်မှုများ

Maintenance of Linux Servers

Linux Server များကို ရေရှည်အတွက် ထိန်းသိမ်းပေးခြင်း ဝန်ဆောင်မှုတွင်တော့ အောက်ပါအချက်အလက်များ ပါဝင်ပါတယ်။

  • အသုံးပြုထားသော Linux Operating System ၏ Kernel အပါအဝင် အခြား ထည့်သွင်းထားသော Application များ Service များအား နောက်ဆုံးပေါ် Version နှင့် နည်းပညာများဖြစ်စေရန် ပုံမှန် Update များပြုလုပ်ပေးခြင်း
  • ဝန်ဆောင်မှု ရယူထားသော Server အား 24/7 Monitoring ဝန်ဆောင်မှုပေးခြင်း
  • ဝန်ဆောင်မှု ရယူထားသော Server များရှိ Data များအား ပုံမှန် Backup ပြုလုပ်ပြီး မလိုအပ်ပဲ အချက်အလက်များ ဆုံးရှုံးမှုများ မဖြစ်ပေါ်အောင် ပြုလုပ်ပေးခြင်း
  • Server ပိုင်းဆိုင်ရာ ချို့ယွင်းချက်များ Hardware ပိုင်းဆိုင်ရာ Error များ ကြုံတွေ့လာရပါက အချိန်တိုအတွင်း ဦးစားပေး ဖြေရှင်းပေးခြင်း
  • ကျွန်တော်တို့မှ ကိုယ်ပိုင် စီမံထားသော အလိုလျောက် ထိန်းသိမ်းမှု စနစ်များ ထည့်သွင်းပေးခြင်း၊ ချိန်ညှိပေးခြင်း
  • အခြား လိုအပ်ချက်အရ ဝန်ဆောင်မှုများ

Server Security & Firewall

Server ပိုင်းဆိုင်ရာ ဆိုက်ဘာလုံခြုံရေးများနှင့် Firewall များသည် ယနေ့ခေတ်တွင် အင်မတန်မှ အရေးကြီးသော အရာများဖြစ်လာပါတယ်။ ကျွန်တော်တို့အနေဖြင့် အောက်ပါ ဝန်ဆောင်မှုများကို SLA Agreement စာချုပ်များဖြင့်သော်လည်းကောင်း၊ ၎င်း စာချုပ်များ မပါဝင်ဘဲဖြင့်သော်လည်းကောင်း Professional ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။

  • Server တွင် အသုံးပြုသော Application များ Service များတစ်ခုချင်းစီ ကောင်းမွန်ပြီး အလုံခြုံဆုံး အလုပ်လုပ်ဆောင်နိုင်ရန်အတွက် System Permission များသတ်မှတ်ပေးခြင်း
  • အဆင့်မြင့် Permission များဖြစ်သော MAC (SELinux) Permission များကို ထည့်သွင်းပေးခြင်း နှင့် လိုအပ်သလို အလုံခြုံဆုံးဖြစ်အောင် ချိန်ညှိကာ Configuration များ ပြုလုပ်ပေးခြင်း
  • Server များရှိ Data များအား Virus/Malware အစရှိသော အန္တရာယ်ရှိစေသည့် Computer Program များကို ရှိမရှိ စစ်ဆေးကာ ပြန်လည်တင်ပြပေးခြင်းနှင့် လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်ပေးခြင်း (သို့) အကြံပေးခြင်း
  • Virus ထက် ပိုမိုဆိုးရွားသော RootKit များကို ရှာဖွေပေးခြင်း ပြန်လည် တင်ပြပေးခြင်း
  • အဆင့်မြင့် System Firewall ကို ထည့်သွင်းကာ အလုံခြုံဆုံးဖြစ်စေရန် လိုအပ်သလို ချိန်ညှိ Configuration ပြုလုပ်ပေးခြင်း
  • အခြား လိုအပ်ချက်အရ ဝန်ဆောင်မှုများ