








Our Professional Services
Linux Server Professional Services
Linux Server များ စတင်တည်ဆောက်ခြင်းအတွက် Installation/Setup/Deployment နှင့် ရေရှည် ထိန်းသိမ်းပေးခြင်းတို့အား Professional ဝန်ဆောင်မှုများပေးလျက်ရှိပါတယ်။
Managed Servers
VPS နှင့် Dedicated Server များကို ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုများနှင့် တွဲဖက်ပေးထားပြီး လူကြီးမင်းတို့အနေနဲ့ Server ပိုင်းဆိုင်ရာ ကိစ္စအဝဝကို စိုးရိမ်စရာမလိုတဲ့ Managed Service ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။
Linux Vritualization & Clusters
Datacenter အဆင့်ရှိတဲ့ Linux Virtualization များ၊ Linux Server များကို Cluster ပြုလုပ်ခြင်းများ၊ Server များနှင့် ၎င်းတို့ပေါ်ရှိ Service များကို High Availability စီမံမှုများအပြင် Monitoring ပြုလုပ်ခြင်းများ အစရှိတဲ့ Server ပိုင်းဆိုင်ရာ အဆင့်မြင့် ဝန်ဆောင်မှုများလည်း ပေးလျက်ရှိပါတယ်။
Infrastructure Setup
အသေးစား၊ အလတ်စား လုပ်ငန်းများမှ အကြီးမားဆုံး Enterprise လုပ်ငန်းကြီးများအထိ Network & Server Infrastructure များအား ဒီဇိုင်းပြုလုပ်ပေးခြင်း၊ တည်ထောင်ပေးခြင်း၊ ပြုပြင်ပေးခြင်းဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။
Domain Registration
ကမ္ဘာပေါ်မှာ တွင်တွင်ကျယ်ကျယ်အသုံးပြုလျက်ရှိကြတဲ့ Top Level Domain တော်တော်များများကို လွယ်ကူပြီး သက်သာတဲ့ ဈေးနှုန်းများဖြင့် Domain မှတ်ပုံတင်ပေးခြင်းဝန်ဆောင်မှုများကို အမည်ပေါက် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
Web Hosting Service
သင့်လုပ်ငန်းအတွက်ဖြစ်စေ၊ အသင်းအဖွဲ့အတွက်ဖြစ်စေ၊ ကိုယ်ပိုင်ဖြစ်စေ Website များလွှင့်တင်နိုင်ရန်အတွက် Web Hosting ဝန်ဆောင်မှုများကို အဆင့် အမျိုးမျိုးခွဲကာ ဝန်ဆောင်မှုများ ပေးလျက်ရှိပါတယ်။
Cyber Security Issues
ကျွန်တော်တို့ ပေးလျက်ရှိသော ဝန်ဆောင်မှုများ အားလုံးမှာ သင့် Server များ၊ Network Infrastructure များနှင့် Application/Service များကို အန္တရာယ်ဖြစ်စေမယ့် ဆိုက်ဘာလုံခြုံရေး အကြောင်းအရာများကို ဂရုတစိုက် စစ်ဆေးကာ ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ သီးခြား ဆိုက်ဘာ လုံခြုံရေးအတွက် ဝန်ဆောင်မှုများကိုလည်း ရယူနိုင်ပါသေးတယ်။
Trainings
Professional Linux Server Administrator တစ်ဦးဖြစ်လာစေရန်အတွက် Cyber Wings Co., Ltd ရုံးခန်းတွင် သင်တန်းများဖွင့်လှစ်သင်ကြားပေးပါသေးတယ်။ ထို့အပြင် Online သင်တန်းများ လည်း တက်ရောက်နိုင်ပါတယ်။ သို့မဟုတ် သင့်လုပ်ငန်း ရုံးခန်းတွင် ခေါ်ယူကာ သင်ကြားစေချင်တဲ့အခါမျိုးမှာလည်း ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါတယ်။
Charity
Linux နှင့် Server Administration ကို စိတ်ဝင်စားတဲ့ လူငယ်များအတွက်လည်း ကွန်ပြူတာ တက္ကသိုလ်များ နည်းပညာတက္ကသိုလ်များမှာ အခါအလားလျော်စွာ အခမဲ့ Seminar များပြုလုပ်ပေးပါတယ်။ အခြား ကျောင်းများ၊ အဖွဲ့အစည်းများတွင်လည်း လူငယ်များအတွက် အခမဲ့ Seminar များကို ဖိတ်ကြားမှုများအတိုင်း ပြန်လည်မျှဝေပေးလျက်ရှိပါတယ်။
Meet our Team
Our precious partners!







