Online Servers
ယနေ့ခေတ် အချို့လုပ်ငန်းများတွင် အကြောင်းပြချက် အမျိုးမျိုးဖြင့် Web Hosting ထက် ပိုမို၍ အသုံးပြုရန် လိုအပ်လာကြသည်။ Web Hosting တွင်ပါဝင်သော Disk Space, Bandwidth စသည်တို့အပြင် အခြား Control Panel နှင့်ပင် ပြုလုပ်၍မရနိုင်သော ရုံးတွက် ၀န်ဆောင်မှုများဖြစ်သည့် Chat Server များ၊ ကမ္ဘာပေါ်ရှိ မည်သည့်နေရာသို့ ရောက်နေစေကာမူ Online မှတစ်ဆင့် မိမိရုံးအား စီမံကွပ်ကဲမှုအတွက် လိုအပ်သော Server များ စသည်တို့အတွက် Virtual Private Server (အသေးစား Server) များမှ Dedicated Server များအထိ သုံးစွဲလာကြသည်။
၎င်းတို့အတွက်လည်း ကျွန်တော်တို့ The Cyber Wings Team မှ VPS (Virtual Private Server) နှင့် Dedicated Server များအား လစဉ် လွှင့်တင်ခ များနှင့် ၀န်ဆောင်မှုများပေးလျက်ရှိပါသည်။
Virtual Private Servers
Virtual Private Server ဆိုသည်မှာ Dedicated Server တစ်လုံး၏ အစိတ်အပိုင်း တစ်ပိုင်းသာဖြစ်ပြီး Server တစ်လုံးကဲ့သို့ အသုံးပြုနိုင်ရန် Virtuallization နည်းပညာဖြင့် ပြုလုပ်ထားသော Server အခွဲလေး တစ်ခုကို ဆိုလိုခြင်းဖြစ်ပါသည်။ ပုံမှန် အားဖြင့် IP တစ်ခု ပါရှိပြီး အသုံးပြုနိုင်သော Disk Space, Memory, Bandwidth များအား ကန့်သတ်ထားပြီး ဈေးမှာလည်း ၄င်း ကန့်သတ်ချက်များနှင့်အညီ အစားစားရှိပါသည်။
Virtual Private Server Hosting ဈေးနှုန်းများ
| VPS 1 | VPS 2 | VPS 3 | |
| Disk Space | 20 GB | 30 GB | 50 GB |
| Bandwidth | 300 GB | 500 GB | 1 TB |
| Memory | 256 MB | 512 MB | 1024 MB |
| IP | 1 IP | 1 IP | 1 IP |
| Web Based Control Panel | Yes | Yes | Yes |
| Price | 10,000 Kyats per month | 15,000 Kyats per month | 30,000 Kyats per month |
Order Now |
Order Now |
Order Now |
Dedicated Servers
Dedicated Server ဆိုသည်မှာ Server အကြီးစားတစ်ခုဖြစ်ပြီး မိမိလိုအပ်သလို ပြုလုပ် အသုံးပြုနိုင်ပါသည်။ ၄င်းဖြင့် VPS အသေးများ ထပ်မံခွဲပြီး အသုံးပြုနိုင်သလို အခြား မိမိလိုအပ်သည့် မည်သည့် Service (Web Server, Database Server, Chat Server, etc. ) ကိုမဆို ထည့်သွင်းအသုံးပြုနိုင်ပါသည်။ VPS နှင့် အဓိက ကွာခြားချက်မှာ Performance နှင့် အသုံးပြုနိုင်မှု Disk Space, Memory, Bandwidth များအား အရှိအတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။ ပုံမှန်အားဖြင့် IP ၅ ခုပါရှိပါသည်။
[notice]Dedicated Server ဈေးနှုန်းများနှင့် Specification များ ဆက်လက်ဖေါ်ပြပေးသွားပါမည်။[/notice]
