Local Servers

ကျွန်တော်တို့ The Cyber Wings Team မှ လုပ်ငန်းတွင်း၊ Internet ဆိုင်တွင်း၊ ရုံးခန်းအတွင်း စသည်တို့တွင် လုပ်ငန်းလည်ပတ်မှု ပိုမို လျင်မြန်စေရေးနှင့် လုံခြုံမှုရှိရှိ တိတိကျကျ ဖြစ်စေနိုင်ရေးတို့အတွက် လိုအပ်သော Server များအား Outdoor Service ဖြင့် လိုက်လံ Install ပြုလုပ်ပေးခြင်း၊ Configuration ပြုလုပ်ပေးခြင်းနှင့် လစဉ် စာချုပ်နှင့်တကွ Maintenance ပြုလုပ်ပေးခြင်းကို ၀န်ဆောင်မှုပေးလျက်ရှိပါသည်။ ထို့အပြင် ရုံးခန်းတစ်ခုမှ နောက်တစ်ခုသို့၊ အလုပ်ရုံတစ်ခုမှ နောက်တစ်ခုသို့၊ အဆောက်အဦး တစ်ခုမှ နောက်တစ်ခုသို့ Network များချိတ်ဆင်ကာ ရုံးခန်းအား စီမံကွပ်ကဲခြင်း ဖြစ်စေ၊ ၀န်ထမ်းများမှ သတင်းအချက်အလက်များ လျင်မြန်စွာပေးပို့နိုင်စေရန်ဖြစ်စေ၊ Paperless ရုံးလုပ်ဆောင်ချက်များဖြင့် ကုန်ကျစရိတ် ချွေတာနိုင်စေရန် ဖြစ်စေ လိုအပ်သလို ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

ဥပမာအားဖြင့် အလုပ်အတွင်း Server များထိုင်ပေးခြင်း၊ လိုအပ်သလို Configuration ပြုလုပ်ခြင်းဖြင့် တိကျသော သတင်းအချက်အလက်များ အချိန်တိုအတွင်း လုံခြုံမှုရှိရှိ စီးဆင်းစေပြီး လုပ်ငန်းပိုမို ချောမွေ့လာစေနိုင်ပါသည်။ ဥပမာအားဖြင့်ဆိုသော် Centralized File Server ထားရှိခြင်းဖြင့် မိမိ ရုံးခန်းအတွင်းရှိ Computer များတွင် File များတစ်ခုစီ ပြန့်ကြဲနေခြင်းမရှိပဲ တစ်စုတစည်းထဲဖြင့်သာ File Server တွင်ရှိနေမည်ဖြစ်သည်။ ထို့ကြောင့် File များ ကွန်ပြူတာတစ်လုံးစီတွင် ပြန့်ကြဲနေခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် File များအား ရှာမတွေ့ပဲကြန့်ကြာမှုများ၊ မှန်ကန်သည့် File အားရှာဖွေမတွေ့ပဲ ရက်အနည်းငယ်နောက်ကျသော စာရင်း File အား တွေ့ရှိပြီး မလိုလားအပ်သော ပြဿနာများ ဖြစ်ပေါ်ခြင်းများ စသည့် ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ပါသည်။

ထို့ကြောင့် ရုံးခန်း၊ အလုပ်ရုံ၊ Internet ဆိုင် တစ်ခုတွင် Server အနည်းဆုံး တစ်ခုခန့် ရှိလျှင် အစစ အရာရာ ပို၍ ကောင်းမည်ဖြစ်ပါသည်။

Server အသစ် Install ပြုလုပ်ခြင်း၏ ဈေးနှုန်းများ

1
Linux Server installation and configuration
(Data Center, Print Server)

1 Server

50,000 Ks

Data Storage Type
2
Linux Server installation and configuration
(Web Server with PHP, MySQL Database, Mail Server and Chat Server)

1 Server

60,000 Ks

 Web Server Type
3 Linux Server installation and configuration
(DHCP, DNS, Gateway, Proxy Server)

1 Server

50,000 Ks

 Gateway Type
4 Linux Server installation with
Load-Balancing for 2 or more internet connections

1 Server

100,000 Ks

 Load-Balancing Type
5 World of Warcraft Server (Linux Based)

1 Server

50,000 Ks

 WoW Server

 

Special Software Addon များ

Software Price
CafeZee Internet Shop Management Only with Microsoft based Server 50,000 Ks
Windows based Virtuallization – Server တစ်လုံးထဲဖြင့် Server အသေးများ ထပ်မံခွဲခြင်း 50,000 Ks
Linux based Virtuallization – Server တစ်လုံးထဲဖြင့် Server အသေးများ ထပ်မံခွဲခြင်း 100,000 Ks
e-Office (ရုံးတစ်ရုံးအား Paperless ဖြင့် ကွန်ပြူတာများပေါ်မှ စီမံကွပ်ကဲခြင်း၊ Client များသုံးစွဲပြီး လုပ်ငန်းလည်ပတ်မှု ပိုမိုမြန်ဆန်စေသော ရုံးတစ်ရုံးတွင် ရှိသင့်သည့် Software)
e-Office အား ပို၍သိရှိလိုပါက Click Here ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါသည်။
500,000 Ks

 

Order Now

Comments Closed