Archive for category Announcements
မြန်မာ နှစ်ကူးမင်္ဂလာ ဆုတောင်း
ကျွန်တော်တို့ The Cyber Wings Team အဖွဲ့မှ ယခုကျရောက်ပြီဖြစ်သော မြန်မာ့နှစ်သစ်တွင် နတ်၊ လူ၊ ဗြဟ္မာ သတ္တ၀ါ အားလုံး ကိုယ် စိတ် နှလုံး သုံးပါးလုံး ချမ်းသာ သုခနှင့် ပြည့်စုံကြပါစေ လို့  ယနေ့  မြန်မာ သက္ကရာဇိ  ၁၃၇၄ ခု တန်ခူးလဆုတ် ၁၁ ရက်၊ သာသနာတော်နှစ် ၂၅၅၆ ခု၊ ခရစ်သက္ကရာဇ် ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁၇ ရက်နေ့တွင် ဆုတောင်းလိုက်ပါတယ်။ ယနေ့မှစ၍ မိမိတို့ အကျိုးစည်းပွားများ တိုးတက်ပါစေကြောင်းနှင့် အမြဲတစေ ရွှင်လန်း ချမ်းမြေ့ပါစေ လို့ ဆုမွန်ကောင်းတောင်းလျက်….
The Cyber Wings Team
http://cyberwings.asia
technicalsupport@cyberwings.asia
Headquarter
Palace Internet Cafe
အမှတ်၁၆၉၊ အလုံလမ်း၊ ဌာနာရပ်ကွက်၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။
No Comments
ဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်း ၂၀၁၂/၂
Web Hosting Client များအတွက်
ကျွန်တော်တို့ The Cyber Wings Team မှ ပေးလျက်ရှိသော ၀န်ဆောင်မှုများတွင် ယခင်က Small Hosting Plan, Medium Hosting Plan နှင့် Large Hosting Plan တို့တွင် ထပ်မံတိုးချဲ့နိုင်သော Domain များ (Addon Domain) များအား အကန့်အသတ်ရှိခဲ့သော်လည်း ယခုအခါတွင် အကန့်အသတ်မရှိ တိုးချဲ့နိုင်ပီ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
Web Hosting Reseller ယူချင်သူများအတွက်
ကျွန်တော်တို့ The Cyber Wings Team မှ ပေးလျက်ရှိသော ၀န်ဆောင်မှုများထဲမှ အောက်ပါ ၀န်ဆောင်မှုများအား Reseller ဖြင့် မှာယူအသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
  • Domain Registeration
  • Small Web Hosting Plan
  • Medium Web Hosting Plan
  • Large Web Hosting Plan
Reseller ယူလိုသူများအနေဖြင့် technicalsupport@cyberwings.asia သို့ E-Mail ဖြင့် ဆက်သွယ်မှာယူနိုင်ပြီဖြစ်ပါသည်။ အနည်းဆုံးငွေကျပ် ၁ သိန်းအား Deposit အဖြစ် ပေးသွင်းထားရမည်ဖြစ်ပြီး လိုအပ်သော Technical Support များအား ၄င်း email သို့ပို့ကာ ပြောကြားနိုင်ပြီပဲဖြစ်ပါသည်။
Unlimited Hosting Plan နှင့် ပတ်သက်၍
လက်ရှိအားဖြင့် ကျွန်တော်တို့ The Cyber Wings Team မှ Free Space, Bandwidth များအား Unlimited အကန့်အသတ်မရှိ သုံးစွဲနိုင်သော ၀န်ဆောင်မှုအား မစတင်သေးသော်လည်း များမကြာမီ ကာလများအတွင်း (ခန့်မှန်းခြေ အနည်းဆုံး ၃ လ မှ အများဆုံး ၆ လ အတွင်း) ၀ယ်ယူအသုံးပြုသူများအား လည်းကောင်း၊ Reseller များအားလည်းကောင်း ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါတယ် ခင်ဗျာ။
Web Site Scripting ပိုင်းနှင့်ပတ်သက်၍
ကျွန်တော်တို့ The Cyber Wings Team မှ ယခင် ၀န်ဆောင်မှုပေးလျက်ရှိသော Web Hosting Plan အားလုံးတွင် PHP အားအဓိကထားသုံးစွဲနိုင်ခဲ့ပြီး ယခုမှစ၍ နောက်နောင် ကာလများတွင် PHP အားဆက်လက်အသုံးပြုနိုင်ပြီး ASP.NET အားလည်း ပူးတွဲအသုံးပြုနိုင်မည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ ၄င်း ASP.NET အားအသုံးပြုရာတွင် အခက်အခဲများ ဖြစ်ပေါ်လာပါက Coding ပိုင်းမှလွဲ၍ technicalsupport@cyberwings.asia သို့ E-Mail ဖြင့် တိုက်ရိုက်ဆက်သွယ် မေးမြန်း အသိပေးနိုင်ပါကြောင်း ကြေငြာအပ်ပါသည်။
Yan Naing Myint (Krylon Arizona)
System and Network Engineer
The Cyber Wings Team
No Comments
Domain ၀ယ်သူတိုင်းအတွက် တစ်လလျှင် ၂၀၀၀ ကျပ် နှုန်းဖြင့် Unlimited Email Plan
Domain ၀ယ်ယူသူတိုင်းအတွက် တစ်လလျှင် မြန်မာငွေ ကျပ် ၂၀၀၀ နှုန်းဖြင့် Unlimited Email Plan တစ်ခုကို စတင်မိတ်ဆက်လိုက်ပါတယ်။ ကျွန်တော်တို့ The Cyber Wings Team မှသာ ၀ယ်ယူသော domain များသာမကပဲ အခြား မှ ၀ယ်ယူထားပါကလည်း ကျွန်တော်တို့ The Cyber Wings Team Domain Registration Service သို့ Domain Transfer ပြုလုပ်ခြင်းဖြင့် ၀ယ်ယူရရှိနိုင်ပြီဖြစ်ပါသည်။
ရရှိနိုင်သော အချက်အလက် အသေးစိတ်ကတော့
  • Unlimited Email Accounts
    လုပ်ငန်းလိုအပ်ချက်အရသော်လည်းကောင်း အခြားမည်သည့်အကြောင်းအရာများကြောင့်သော်လည်းကောင် E-mail account များစွာ လိုအပ်ပါက မိမိစိတ်ကြိုက်နှစ်သက်သလောက် မိမိ domain ဖြင့် email account များ အကန့်အသတ်မရှိ ဖွင့်လှစ်ထားနိုင်ပါသည်။
  • 2 GB space per email account
    Email account တစ်ခုစီတွင် data ထားသိုနိုင်သောပမာဏသည် 2 GB ရှိသောကြောင့် များစွာသော အချက်အလက်များကို သိုမှီးထားနိုင်ပါသည်။
  • SMTP/POP3/IMAP Access
  • Web Based Email
    မည်သည့်နေရာရောက်နေစေကာမူ Internet Access ရှိပါက မည်သည့် Software ကိုမှ Configure ပြုလုပ်ပေးရန်မလိုပဲ Mozilla firefox မှဖြစ်စေ Google Chrome မှဖြစ်စေ အခြားမည်သည့် Browser မှဖြစ်စေ မိမိ email အားဝင်ရောက် အသုံးပြုနိုင်မည်ဖြစ်ပါသည်။
  • Online Address Book
    သူငယ်ချင်း အသိမိတ်ဆွေ အဖွဲ့အစည်း စသည်ဖြင့် email address ပေါင်းများစွာကို မှတ်ရလို့ အခက်အခဲဖြစ်နေပါက Web Based Email Program ထဲတွင်ပင် Address Book ဖြင့် မိမိလိုအပ်သမျှ email account များကို မှတ်သားထားနိုင်မည်ဖြစ်ပါသည်။
  • Folder Management
    Email များအားလုံးက Inbox အတွင်းတွင် ရှုပ်ယှက်ခက်နေပါက Folder များခွဲကာ သီးသန့်ထားပြီး Inbox တွင်အမြင်ရှင်းလင်းစေသည့်အတွက် လိုအပ်သော email ကို အလျင်မြန်ဆုံးရှာဖွေတွေ့ရှိနိုင်ပါသည်။
  • Virus Protection
    Email အတွင်း Virus များပါလာပါကလည်း Web Mail တွင် သုံးစွဲနေစေကာမူ ၀င်လာသမျှ email များအား Virus အားစစ်ဆေးပြီးဖြစ်သောကြောင့် Virus ကူးစက်မှုမှ ကာကွယ်ပြီးသားဖြစ်ပါသည်။
  • Spam Protection
    မလိုအပ်သော ကြော်ငြာ Email များ အမြောက်အမြား ၀င်ရောက်လာမှုအားကာကွယ်ပေးပြီး ကိုယ်တိုင် မလိုအပ်သော email များအား ရှင်းလင်းစေနိုင်ပါသည်။
  • Total Control
    Email account များကို ထိန်းချုပ်မည့် Email admin မှလည်း Email account များအား လွယ်ကူစွာ ထိရောက်မှုရှိစွာ ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။
ငွေချေခြင်းနှင့်ပတ်သက်၍ ၀ယ်ယူပြီးပါက တစ်လလျှင် ၂၀၀၀ နှုန်းဖြင့် အနည်းဆုံး တစ်နှစ်စာ ၂၄၀၀၀ ကျပ် ပေးသွင်းရမည်ဖြစ်ပါသည်။
၎င်းအားဝယ်ယူချင်ပါက သို့ဆက်သွယ်ကာ ၀ယ်ယူနိုင်ကြောင်း အသိပေးအပ်ပါသည်ခင်ဗျာ။
No Comments
New Services of The Cyber Wings Team
ကျွန်တော်တို့ The Cyber Wings Team မှ ၀န်ဆောင်မှု အသစ်များကို ထပ်မံတိုးချဲ့လိုက်ပါကြောင်း အသိပေးအပ်ပါတယ်။
ယခင် ပေးလျက်ရှိသော
  • Domain Registration
  • Web Hosting
    • Shared Web Hosting
      • Small Hosting Plan
      • Medium Hosting Plan
      • Large Hosting Plan
    • Ready Made Hosting Plan
      • Blog Hosting Plan
      • Forum Hosting Plan
      • Social Network Hosting Plan
များအား ဆက်လက် ၀န်ဆောင်မှုပေးလျက်ရှိပြီး ထပ်မံ တိုးချဲ့လိုက်သော ၀န်ဆောင်မှုများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
  • Online Servers
    • Virtual Private Server Hosting
    • Dedicated Server Hosting
  • Computers and Networks New Installations
  • Computers and Networks Maintenance Service
  • Local Servers Installations
  • Mobile Operating System and Application installation and maintenance service (only iOS and Android version phones and tablet PCs)
ထို့ကြောင့် ကျွန်တော်တို့ အဖွဲ့မှ Online ပေါ်တွင် Server တင်ချင်လိုသူများအား Virtual Private Server များ Dedicated Server များအား ပြည်တွင်းမှ တစ်ဆင့် ၀ယ်ယူနိုင်ပြီး ဆက်လက်အသုံးပြုနိုင်စေရန် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
ထို့ပြင် မိတ်ဆွေတို့၏ ရုံးခန်း၊ ဆိုင်ခန်း၊ ကုမ္ပဏီ များ၊ စက်ရုံများ၊ အင်တာနက် ဆိုင်များ၊ ကျောင်းများ၊ အဖွဲ့အစည်းများ စသည်တို့တွင် အသုံးပြုလျက်ရှိသော ကွန်ပြူတာများအား လချုပ်၊ နှစ်ချုပ်များဖြင့် ထိန်းသိမ်းပြုပြင်ခြင်း ၀င်ဆောင်မှုအား လည်းကောင်း၊ ထိုနေရာများတွင် ကွန်ပြူတာများ ထပ်မံလိုအပ်သောကြောင့် အသစ် ၀ယ်ယူလိုသူများအား လည်းကောင်း နည်းပညာများနှင့် ပေါင်းစပ်၍ ၀န်ဆောင်မှုများ ပေးနေပါသည်။
ရုံးတွင်း၊ ရုံးပြင်၊ ဆိုင်တွင်း၊ ဆိုင်အပြင် တို့အပြင် အဆောက်အဦးတစ်ခုမှ နောက်တစ်ခု၊ စက်ရုံတစ်ခုမှာ နောက်တစ်ခု စသည်ဖြင့် တစ်နေရာမှ တစ်နေရာသို့ Networking ချိတ်ပေးခြင်းများအားလည်း ပြုလုပ်ပေးလျက်ရှိပါသည်။ အဆောက်အဦးအတွင်းပိုင်း ဆိုင်အတွင်းပိုင်း ရုံးအတွင်းပိုင်း Networking ချိတ်ဆက်မှုများအတွက်လည်း စနစ်တကျ Diagram များရေးစွဲကာ နိုင်ငံတကာ အဆင့်မှီ နည်းပညာများဖြင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။
ထို Network ချိတ်ဆက်မှုအတွင်းတွင် ထားရှိမည့် ရုံးသုံး၊ ကုမ္ပဏီသုံး၊ ဆိုင်သုံး စသည်ဖြင့် Server များ၊ Game ဆိုင်များအတွင်း ထားရှိမည့် Local Game Server အားလည်း တပ်ဆင်အသုံးပြုနိုင်စေရန် အထူးဝန်ဆောင်မှုပေးနေပါသည်။ ထို Server များသည် Windows Based မဟုတ်ပဲ Linux Based များဖြစ်သောကြောင့် မြန်ဆန်ပြီး လုံခြုံမှုရှိသော Server များဖြစ်ပါသည်။
ထို့အပြင် ယနေ့ခေတ်တွင် လူတော်တော်များများ အသုံးပြုနိုင်နေပြီဖြစ်သော Mobile Phone နှင့်ပတ်သက်၍လည်း iPhone များ iPad များအား Jail Break ပြုလုပ်ခြင်းများ၊ Application Installation ပြုလုပ်ခြင်းများ၊ Android based Phone များ၊ Tablet PC များအားလည်း Super User/ Rooting ပြုလုပ်ပေး Function စုံလင်စွာ အသုံးပြုနိုင်စေရန် ပြုလုပ်ပေးခြင်းများ၊ Android Application များ Install ပြုလုပ်ပေးခြင်းများ စသည့် Mobile နှင့်ပတ်သက်သော ၀န်ဆောင်မှုများအား ပြုလုပ်ပေးလျက်ရှိပါသည်။
No Comments